Main menu

Background

ချင်းဈေးအေးလို့ ချင်းခြောက်ပြုလုပ်ဖို့ပြင်

Sun, 01/08/2012 - 07:05 -- Anonymous (not verified)

    ဒီတစ်ပတ်ဟိုပုံးချင်းဈေးကွက်မှာ ချင်းစိုတစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ရှိပြီး၊ ချင်းခြောက်တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးရှိပါတယ်။ ယခုအချိန်က ချင်းတူး ဖော် ချိန်ဖြစ်ပေမဲ့ တောင်သူများကဈေးမကြိုက်သေးတဲ့အတွက် သိပ်မတူးသေးဘဲ ဈေး စောင့်နေကြတယ်လို့သိရှိရပါတယ်။ အချို့တောင်သူများကလည်း ယခုအချိန်က ကြက်သွန်ဖြူ စိုက်ချိန် ရေလောင်းချိန်ဖြစ်တဲ့အတွက် ချင်းကိုမတူးဖော်နိုင်သေးတာလို့ သိရပါတယ်။ ဒီနှစ်မှာတော့ မိုးကောင်းတဲ့ အတွက် ချင်းများအရည်အသွေးကောင်း မယ်၊ လှမယ်၊ အထွက်ကောင်းမယ်လို့လည်း ခန့်မှန်းကြပါတယ်။     အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုတစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ရှိပြီး၊ ချင်းခြောက်အဟောင်း တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိနေပါတယ်။ ချင်းအဝင်နည်း ပေမဲ့ ချင်းဈေးများကျတဲ့အတွက် ချင်းစိုအသစ်ကို အခြောက်ပြုလုပ်ဖို့ ပြင်ဆင် နေကြတယ်လို့သိရှိရပါတယ်။SYH