အောင်ပန်းဈေးကွက်မှာတော့ ဒီတစ်ပတ်ချင်း (စို) တွေ အဝင်မရှိသလောက် ပါပဲ။ မိုးတစ်ပတ်လုံးရွာနေတာကြောင့် အဝင်နည်းနေတယ်လို့ သိရပါတယ်။ မိုး ကလည်းအဆက်မပြတ်ရွာနေတာကြောင့်အရောင်းကလည်းပါးနေပါတယ်။ မြင်းခြံ၊ တောင်ငူ၊ မကွေးစတဲ့မြို့တွေက ချင်းထိုးသမားတွေကသာ အမှာရှိနေတာကြောင့် ၅ ရက်တစ်ဈေးမှာ ပိဿာချိန် ၁၀၀၀ ကျော်ပို့နေရတယ်လို့သိရပါတယ်။ အဝင် နည်းပေမဲ့ အရောင်းကလည်း အေးနေတာကြောင့် ဈေးကလည်းအေးနေပါ တယ်။ ဈေးနှုန်းတွေကတော့ မြေနီချင်းကြီးဆိုရင် တစ်ပိဿာ ၃၅၀ ကျပ်၊ အခက်သေးရင် ၃၄၀ ကျပ်ဈေးရှိပါတယ်။ နမ့်ခုတ်နယ်ကဝင်လာတဲ့ချင်းတွေလည်း အောင်ပန်း ဈေးကွက်မှာ တစ်ပိဿာ ၃၄၀ ကျပ်၊ ၃၅၀ ကျပ်ရှိပါတယ်။ မြေဖြူချင်းတွေကတော့ တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၃၀ ကျပ်ဈေးရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၁၈၀၀ ကျပ်၊ ၁၉၀၀ ကျပ်ဈေးသာရှိပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်းကအဝင်နည်း ပေမဲ့ နန့်ခုတ်ချင်းတစ်ပိဿာ ၂၈၀ ကျပ်နဲ့ ဝယ်ယူနေတယ်လို့သိရပါတယ်။ ဧဧခိုင်
Background