လုပ်ငန်းရှင်များအနေနဲ့ ကုမ္ပဏီဖွဲ့စည်းရာတွင် လုပ်ငန်းရည်ရွယ်ချက်များ ၁၈ မျိုးအနက် ၅ မျိုးသာ ယခင်က ခွင့်ပြုခဲ့ရာမှ ယခုအခါ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားသလို ကုမ္ပဏီသက်တမ်းတိုးကို ယခင် ၂ နှစ်အစား ၃ နှစ်သို့ တိုးမြင့်သတ်မှတ် ပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် စားသောက်ကုန်ပစ္စည်း ငါးမျိုးဖြစ်တဲ့ အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူးများနဲ့ ခေါက်ဆွဲခြောက်အမျိုးမျိုးအား စားသောက်ကုန်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ရဲ့ ထောက်ခံချက်လက်မှတ်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကစပြီး လိုင်စင်လျှောက်ထား တင်သွင်းခွင့်ပြုထားပြီးဖြစ်တဲ့အတွက် ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ တရားမဝင် လမ်းကြောင်းမှ သယ်ဆောင်ခြင်းကို မပြုသင့်ကြောင်း၊ ထိုသို့လုပ်ဆောင်ပါက နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခများကို နစ်နာစေမှာ ဖြစ်ကြောင်း၊ ခေတ်စနစ်ပြောင်းလာတာနဲ့အညီ ကုန်သည်များအနေနဲ့ အမြင်ကျယ်စွာနဲ့ လုပ်ဆောင်ဖို့လိုအပ် ကြောင်း၊ မှောင်ခိုကုန်သွယ်မှုဟာ ရေတိုသာအကျိုးရှိ စေမှာဖြစ်ပြီး တရားဝင်လမ်းကြောင်းက ဆောင်ရွက်မှသာ ရေရှည် အကျိုးဖြစ်ထွန်းစေမယ်လို့ ဒီဇင်ဘာ ၂၉ ရက်က ချင်းရွှေဟော်မှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းက ကုန်သည်လုပ်ငန်းရှင်များကို အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။Source: နကသ(တမူး) MIRT(DOBT)
Background