ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အတွင်း ပဲတီစိမ်းစိုက်ဧက ၂၂၀၀၀ ခန့် လျာထားပေမယ့် ယခုအချိန်ထိ ဧက ၂၄၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သလို ဈေးကွက်အတွင်းသို့လည်း ပဲတီစိမ်းသီးနှံ နေ့စဉ်ဝင်ရောက်လျက်ရှိနေတာ ကိုတွေ့ရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်နဲ့ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်တို့မှ အိတ် ၇၀၀ ကျော် ၈၀၀ အထိ အဝင် ရှိခဲ့ပါတယ်။ လဆန်းရက်အတွင်း တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၅၀၀ ကျပ်အထိ ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲရုံရပ်ကွက် မှသိရပါတယ်။ခင်ဆွေဝင်း
Background