Main menu

Background

အသစ်ပေါ်ချိန် အဟောင်းဈေးကျ

Mon, 01/16/2012 - 06:16 -- Anonymous (not verified)

ဒီနှစ်ပဲစင်းငုံအသစ်ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလဆန်းကတည်းက ပေါ်တာဆိုတော့ ပေါ်ချိန်တစ်လခန့် ရှိပါပြီ၊ ဒါပေမယ့် နေ့စဉ်ပေါက် ဈေးက ဆွဲဆောင်မှုနည်းနေတော့ အခင်းမှာလည်း ခုတ်စရာအပင်တွေကျန်နေသလို အိမ်ခြံဝိုင်းထဲမှာလည်း ရိုက်စရာ၊ ပုတ်စရာ၊ ခြွေလှေ့စရာ၊ ပဲစင်းငုံအပင်တွေအပြင် ပြာတီးသန့်စင်ပြီး ပဲစင်းငုံအသစ်တွေ ကလည်း ကျေးရွာတွေမှာ ငြိမ်သက်လျက်ရှိနေကြပါတယ်။အသစ်တွေ ငြိမ်သက်ဆို ပဲစင်းငုံအဟောင်းတွေကလည်း မြို့ပေါ်ကုန်သည်ပွဲစားတွေလက်ထဲမှာ အပုံလိုက် အထပ်လိုက် ရှိနေ ကြပါသေးတယ်။ ဒီဇင်ဘာလကုန်မှာ အဟောင်းတစ်တင်း ၁၃၃၀၀ ကျပ်နဲ့ အသစ် ၁၄၇၀၀ ကျပ်ရှိရာက ဇန်နဝါရီပထမပတ်အကုန်မှာတော့ ငွေဈေးလည်း နည်းနည်းမာလာ ဝယ်လက်ကလည်း ဒေါင့်စုံမှုရှိလာတော့ အဟောင်းတစ်တင်း ၁၄၇၀၀ ကျပ်နဲ့ အသစ် ၁၆၅၀၀ ကျပ်ဈေး ရောက်လာခဲ့ပါတယ်။  ဒါပေမယ့် အခုတော့ ၁၄၃၀၀ ကျပ်နဲ့ ၁၅၇၀၀ ကျပ် ဝန်းကျင်မှာပဲ တန့်နေပါတယ်။ဝယ်လက်ကလည်း ပဲအဟောင်းကို ဈေးသက်သာလို့ အဆွဲများတဲ့အတွက် ပခုက္ကူကုန်စည်ဒိုင်မှာ နေ့စဉ် အိတ် ၁၀၀၀ မှ ၅၀၀၀ အတွင်း အရောင်းအဝယ်ဖြစ်ကြပါတယ်။ အသစ်ကတော့ အိတ် ဆယ်ဂဏန်းနဲ့ ရာဂဏန်းပဲ မြို့ပေါ်အချင်းချင်း လက်ပြောင်းလက်လွှဲ ရောင်းဝယ်နေကြတာ တွေ့ရပါတယ်။                                                                       မောင်မောင်အေး