အိန္ဒိယဈေးကွက်တွေကို မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့က ဝင်ရောက်မှု တိုးလာတာကြောင့် လွန်ခဲ့တဲ့ ရက်တွေမှာ ပဲစင်းငုံဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ပဲခွဲစက်တွေက အဝယ်ရှိလာနိုင်လို့ ပဲစင်းငုံဈေး ပြန်မာလာနိုင် တယ်လို့ ခန့်မှန်း ကြပါတယ်။ လက်ရှိဈေးနှုန်းဟာ ပဲခွဲစက်တွေအတွက် အကျိုးအမြတ်ရှိနေတာ ကြောင့် ပဲအသစ်ဝင်လာနေပေမဲ့ ပဲစင်းငုံဈေး တည်ငြိမ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် တင်သွင်းဈေးကြီးမြင့်တာကြောင့်လည်း ဈေးမကျဆင်းနိုင်ဘူးလို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါ တယ်။ ဒေါ်လာ/ တန် ၁၉-၁-၂၀၁၂ ၁၈-၁-၂၀၁၂ ၁၇-၁-၂၀၁၂ ၁၆-၁-၂၀၁၂မွန်ဘိုင်း ၆၆၇ ၆၆၁ ၆၆၆ ၆၇၀ဒေလီ ၆၉၇-၇၀၂ ၆၉၀-၆၉၅ ၆၉၆-၇၀၀ ၆၈၉-၆၉၄ချန်နိုင်း ၆၆၇ ၆၇၀ - -MIRT(MAPT)
Background