Main menu

Background

ပုံမှန်ပမာဏထက် အနည်းငယ်ပိုတင်လာတဲ့ ပဲတီစိမ်း

Mon, 01/23/2012 - 08:12 -- Anonymous (not verified)

    ပြည်ပကို ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်သီတင်းပတ်တွေက တန် ၂၀၀၀ အထက်မှာ ပုံမှန် ပမာဏသာတင်ပို့ရာမှ ယခုတစ်ပတ်မှာ အနည်းငယ်ပိုတင်နေတာတွေ့ရပါတယ်။ ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၄၀၀၀ နီးပါးတင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၂၀၀၀ ကျော်ထက် ပိုမိုတာတွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၂၄၀၀၀၀ နီးပါးရှိပြီး ဝင်ငွေ မှာ ကန်ဒေါ်လာ ၂၂၆ သန်းကျော်ရရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၉၀၀၀၀ နီးပါးထက် တန် ၅ သောင်းခန့် ပိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။MIRT - MAPT