Main menu

Background

ထုတ်လုပ်မှုမြင့်တက်ဖွယ်ရှိပြီး ရောင်းချမှုများတာကြောင့် အိန္ဒိယနနွင်းဈေး ကျဆင်းဖွယ်ရှိ

Mon, 01/23/2012 - 08:49 -- Anonymous (not verified)

    အိန္ဒိယနနွင်းသစ် ထုတ်လုပ်မှု ပိုမိုမြင့်တက်ဖွယ်ရှိတဲ့အတွက် နနွင်းသစ်များ ရောင်းချမှုများလာတာကြောင့် အိန္ဒိယနနွင်း ကြိုပွိုင့်ဈေးကျဆင်းဖွယ်ရှိကြောင်း သိရပါတယ်။ နနွင်းသစ်များ ဖေဖော်ဝါရီလလယ်မှာ လှိုင်လှိုင် ဝင်ရောက်ဖွယ်ရှိတဲ့အတွက် ကုန်သည်များက နနွင်းသစ်ဝယ်ယူဖို့ စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။    ဇန်နဝါရီလ ၁၉ ရက်က  Mysore ခရိုင်က နနွင်းအိတ် ၅၀၀ ထက်မက ဝင်ရောက်ခဲ့ပြီး၊ အရည်အသွေး ကောင်းတဲ့ အတွက် တစ်တန်ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၉၆)နဲ့ ရောင်းချရတယ်လို့ သိရပါတယ်။ နနွင်းလက်ကျန်ရဲ့ ၇၀ ရာခိုင်နှုန်း နီးပါးမှာ ရောင်းချထားပြီးဖြစ်တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာက ဆိုပါတယ်။    ဈေးမတက်တဲ့အတွက် နနွင်းတောင်သူများ စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်။ နနွင်းသစ်များက သီတင်းသုံးပတ်အတွင်း ရောင်းချဖို့များစွာ ဝင်ရောက်တော့မှာဖြစ်လို့ ဈေးထပ်မံကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။  ကုန်သည်များမှာ နိုင်ငံအထက်ပိုင်းက ဝယ်ယူလိုတဲ့ အမှာများမရှိကြသေးဘဲယခင်အမှာအော်ဒါ လက်ကျန်တွေကိုသာ ဖြည့်ဆည်းဖု့ိ ဝယ်ယူနေကြတယ်လို့ ဆိုပါ တယ်။ နနွင်းလက်ချောင်းရော နနွင်းဥဈေး ၂ မျိုးလုံးပါ ကျဆင်းနိုင်လို့ နနွင်းလက်ကျန်တွေကို မဝယ်ယူလိုဘူးလို့ သိရပါတယ်။ ယခုဝင်ရောက်လာတဲ့ နနွင်းအနည်းငယ်ကိုသာ ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။    ဈေးကွက်ထိန်းသိမ်းရေးကော်မတီမှာ သိုလှောင်လက်ကျန် ၉၀ ရာခိုင်နှုန်းခန့် ရောင်းချပြီးသွားပြီလို့ သိရပါ တယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန်ရူပီး ၃၃၀၉၀-၄၃၇၆၀ (ကန်ဒေါ်လာ ၆၅၉-၈၇၁)ရှိပြီး၊ နနွင်းဥဈေးမှာ ရူပီး ၃၂၀၉၀-၄၁၁၇၀(ကန်ဒေါ်လာ ၆၃၉-၈၁၉)ရှိကြောင်း သိရပါတယ်။ယမင်းခင်၊ Source: hindubusiness