Main menu

Background

တမူးနယ်စပ်မှ ပရဆေးကုန်ကြမ်းအသွင်းစုံ

Tue, 01/24/2012 - 09:59 -- Anonymous (not verified)

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၉ သန်း တန်ဖိုးရှိ ဖာလာ သုည ဒသမ ၆ တန်၊ ဇာတိပ္ဖိုလ်သီး ၁ ဒသမ ၃၅၅ တန်၊ ဟင်းရိုင်းဖြူ သုည ဒသမ ၀၂၅ တန်၊ ရှိန်းခို ၁ ဒသမ ၈၀ တန်နဲ့ တောင်လုံးကျော် ၁ ဒသမ ၁၂၅ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၄ တန်ကျော် အသွင်းပိုခဲ့ပါတယ်။    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၀၄၉ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၀၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ ဆီးဆံ၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ ကြောင်ပန်းစေ့၊ကြောင်လျှာစေ့၊ ခပေါင်းစေ့၊ အုံတုံခေါက်၊ အုံတုံခေါက်မှုန့်နဲ့ဒရင်ကောက်မြစ်များ ဖြစ်ပါတယ်။ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ ခပေါင်းစေ့၊ အုံတုံ ခေါက်၊ အုံတုံခေါက်အမှုန့်များကို ယခင်အပတ်က အပို့မရှိခဲ့ပေမယ့် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ(အခွံပါ)၊ ဇီးဆံ၊ မိချောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ ဒရင် ကောက်မြစ်များကို ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နနွင်းတက် (ရှမ်းစ)နဲ့ ကြောင်လျှာစေ့များတော့ ယခုအပတ်မှာ အပို့လျော့ခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်နယ်စပ်မှ ပရဆေး ၂၇၂ တန် အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)