Main menu

Background

မူဆယ်နဲ့ ကန်ပိုက်တီးမှ ယခုအပတ်တင်ပို့နိုင်တဲ့ ပီလောပီနံ

Tue, 01/24/2012 - 10:08 -- Anonymous (not verified)

    ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ ၁၃၂၂၁ တန်ဖိုးရှိ တစ်ရှူးငှက်ပျော တန် ၁၁၀ နဲ့ ကန်ဒေါ်လာ ၁၄၅၃၈ တန်ဖိုးရှိ ပီလောပီနံအစို ၂၁၆ တန်တင်ပို့မှု ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ကထက် တစ်ရှူးငှက်ပျော ၃၇ တန် အပို့ပိုခဲ့ပါတယ်။     မူဆယ်နယ်စပ်မှလည်း ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၀၆ သန်း တန်ဖိုးရှိ ပီလောပီနံဥ ၈၇ တန်ကျော် တင်ပို့မှု ရှိတဲ့အတွက် ယခုအပတ် နယ်စပ်မှ ပီလောပီနံ တင် ပို့မှု စုစုပေါင်းမှာ ၆၃၀ တန်ကျော် ရှိခဲ့ပါတယ်။ ယခင်အပတ်က ကန်ပိုက်တီးမှ ၂၂၄ တန် အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ပီလောပီနံ တင်ပို့မှု ၃၇၉ တန် ပိုမိုခဲ့ပါတယ်။                                         MIRT (DOBT)