Main menu

Background

လက်ကျန်နည်းတဲ့ ကုလားပဲဖြူလုံးကြီး တင်ပို့မှုနဲ့ အရောင်းအဝယ် အနည်းငယ်သာရှိ

Fri, 02/03/2012 - 07:43 -- Anonymous (not verified)

              ဈေးကွက်တွေကိုကုလားပဲအသစ်များဝင်ရောက်လာခြင်းမရှိသေးလို့ လက်ကျန် တော်တော်ပါးလာပြီ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဇန်နဝါရီလ၁၆ ရက်မှ၂၀ ရက် အတွင်းမှာ ပြည်ပကို ၆၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး ရန်ကုန် FOB ဈေးကွက်မှာလည်း ကုလားပဲဖြူလုံးကြီး ၁၂၀ တန်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ပြည်ပကို ကုလားပဲဖြူလုံးကြီး တင်ပို့မှုဟာ တန်ချိန် ၆၅၆၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅၅ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဇန်နဝါရီလ၂၀ ရက်မှာကုလားပဲဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၇၆၀-၇၈၀ ရှိရာမှ ဇန်နဝါရီလ ၂၇ ရက်မှာ ကန်ဒေါ်လာ ၇၂၀-၇၄၀ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။MIRT - MAPT