Main menu

Background

ဖရဲ၊ ငှက်ပျောအပို့လျော့၍ ပန်းသီးအသွင်းပို့

Fri, 02/03/2012 - 10:24 -- Anonymous (not verified)

              ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးစခန်းမှ တစ်ရှူးငှက်ပျော တန် ၂၀ ဒေါ်လာ ၂၄၃၆ ဖိုး၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဖရဲသီး ၅၅၄၈ တန်ကျော်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၈၇၆ သန်းဖိုးကို တစ်ဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ရှူး ငှက်ပျောရော၊ ဖရဲသီးပါ ယခင်အပတ်ထက် တင်ပို့မှုလျော့ နည်းခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် မြန်မာ - တရုတ်နယ်စပ်ရှိ ကန်ပိုက်တီး နယ်စပ်စခန်းနဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကနေ ပန်းသီး ၅၆၂ တန်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၂၅၃သန်းဖိုးကို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)