ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိကာလအတွင်း ဝက်အရှင်တင်ပို့မှု လျော့နည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ကန်ဒေါ်လာ ၁ ဒသမ ၂၉၉ သန်းတန်ဖိုးရှိ ဆန်နဲ့ ဆန်ကွဲ ၃၁၈၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ ဆန်အမျိုးအစားကတော့ ငစိန် ၂၅ ရာခိုင်နှုန်း ၁၁၈၇ တန်ကျော်၊ ဧည့်မထ ၂၅ ရာခိုင် နှုန်း ၃၄၄ တန်ကျော်၊ ဧည့်မထ ၁၅ ရာခိုင်နှုန်း ၁၀၃၇ တန် ကျော်၊ ဧည့်မထ ၁၀ ရာခိုင်နှုန်း ၂၁၄ တန်နဲ့ ဆန်ကွဲ တန် ၄၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
Background