အမေရိကန်မှာ အီသနောပြုလုပ်ဖို့ ပြောင်းကို ပိုမိုသုံးစွဲလာခြင်းက ကမ္ဘာ တစ်ဝန်းပြောင်းဈေးကို မြှင့်တင်ဖု့ိ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့FAO ရဲ့ ညွှန်ကြားရေးမှူးချုပ်သစ် Jose Graziaro da Silva က ပြောကြားပါတယ်။ စွမ်းအင်ထုတ်လုပ်ဖို့ စားနပ်ရိက္ခာအသုံးပြုတာကို FAO ရဲ့ ဆန့်ကျင်မှုကလည်း မြင့်တက်နေတယ်လို့ ဘာလင်မြို့မှာ စိုက်ပျိုးရေးဝန်ကြီး ၆၄ ဦးကို Graziaro da Silva ကပြောကြားပါတယ်။အထူးသဖြင့်တော့အမေရိက က ပြောင်းသုံးစွဲမှုနဲ့ ဥရောပမှာ ဆီထွက်သီးနှံသုံးစွဲမှုလို ပြဿနာတွေကို ဆိုလိုပါတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ ၂၀ ရက်ချီကာကိုမှာ ပြောင်းကြိုပွိုင့်ဈေးဟာ တစ်ဘူရှယ်ကန် ဒေါ်လာ ၆ ဒသမ ၁၁၅ (တစ်တန် ကန်ဒေါ်လာ ၂၄၅)ရှိခဲ့လို့ လွန်ခဲ့တဲ့ ၁၀ နှစ် မှာ ဖြစ်ခဲ့တဲ့ ကန်ဒေါ်လာ ၂ ဒသမ ၁၁၇၅ (တစ်တန် ကန်ဒေါ်လာ ၈၅)ထက်၃ဆ နီးပါး မြင့်တက်နေပါတယ်။ အမေရိကန်က လောင်စာဆီအတွက် ပြောင်းကို သုံးစွဲ နေပြီး၊ ဥရောပမှာလည်း ဇီဝလောင်စာပြုလုပ်ဖို့ မုန်ညှင်းစေ့ကို အသုံးပြုတာကြောင့် လို့ ဆိုပါတယ်။ ယခုအခါ ဈေးနှုန်းအသေးစိတ်ကို စောင့်ကြည့်နေကြောင်း၊ အမေရိကန်က ဇီဝလောင်စာအတွက် ပြောင်းကို အသုံးပြုခြင်းဟာ ကမ္ဘာ့ပြောင်းဈေးကို ထိခိုက် တယ်ဆိုတာကတော့ သံသယဖြစ်စရာ မရှိပါဘူးလို့လည်း ဆိုပါတယ်။ ဘရာဇီးမှာ ကြံမှအီသနောထုတ်လုပ်မှုဟာ စုစုပေါင်းသုံးစွဲမှုရဲ့ ၃ ရာခိုင်နှုန်းရှိပြီး၊ လက်ရှိအချိန်မှာ နိုင်ငံတကာဈေးကွက်များအတွင်း သကြားဈေးကို ထိခိုက်မှုမရှိသေးဘူးလို့ ဘရာဇီး လူမျိုး FAO ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။ လက်တင်အမေရိကားနိုင်ငံတွေမှာ လေ့လာခဲ့ပြီးတဲ့အနက် အဲဒီဒေသမှာ ၄ နိုင်ငံသာ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်ခြင်းမရှိဘဲ ဇီဝလောင်စာ တိုးချဲ့ထုတ် လုပ်နိုင်တာတွေ့ရတယ်လို့ ၎င်းင်းကဆိုပါတယ်။ အဲဒီနိုင်ငံတွေကတော့ အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာကွေးနဲ့ ကိုလံဘီယာတို့ဖြစ်ပါတယ်။ FAO ရဲ့စည်းမျဉ်းက စားနပ် ရိက္ခာ ဖူလုံမှုကို ပထမအနေနဲ့ သတ်မှတ်ထားတာဖြစ်လို့ သီးနှံတွေကို ဇီဝလောင်စာ ထုတ်လုပ်မှု အသုံးမပြုသင့်ဘူးလို့ ဆိုပါတယ်။ ယမင်းခင် Source: Bloomberg
Background