Main menu

Background

မတ်ပဲတင်ပို့မှု ပုံမှန်ရှိနေ

Mon, 02/06/2012 - 05:14 -- Anonymous (not verified)

    ပြည်ပကို မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်လောက်မများပေမဲ့ ပုံမှန်ပမာဏနဲ့ တင်ပို့မှုရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၂၀၀ ခန့်ထိ တင်ပို့ခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၂၃ မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၅၀၀၀ ခန့်တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပုံမှန်ရှိနေလို့ တင်ပို့မှုလည်း ပုံမှန်သာတင်ပို့နေပါတယ်။    ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၇ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၁၅၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၂၃ သန်းနီးပါးရရှိထားကြောင်း သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်ကာလတူ အတွင်းမှာ မတ်ပဲတင်ပို့မှုတန်ချိန် ၄ သိန်းနီးပါးရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၀၀ သန်းနီးပါးရှိလို့ ယခုနှစ်ကာလတူမှာ မတ်ပဲတန်ချိန် တစ်သိန်းကျော်ပိုမို တင်ပို့ နိုင်ကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ် လို့ ခန့်မှန်းကြပါတယ်။                                 MIRT - MAPT