Main menu

Background

လတ်တလော ဈေးနှုန်းကျဆင်းပေမယ့် အထွက်နှုန်းကျတာကြောင့် အိန္ဒိယပဲစင်းငုံဈေး မြင့်တက်ဖွယ်ရှိ

Mon, 02/06/2012 - 05:29 -- Anonymous (not verified)

    လွန်ခဲ့တဲ့ရက်များအတွင်း မဟာရပ်ရှတရာက ပဲစင်းငုံသစ်တွေ ဝင်ရောက်လာ ပြီးတဲ့နောက် ဝယ်လိုအား နည်းတာကြောင့် ပဲစင်းငုံဈေးက တစ်တန် ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၁၀၁)နီးပါးကျဆင်းကာ မဟာရပ်ရှတရာက ပဲစင်းငုံသစ် တစ်တန် ရူပီး ၃၇၅၀၀-၃၈၀၀၀ (ကန်ဒေါ်လာ ၇၆၁-၇၇၁)ဈေးရှိနေခဲ့ပါတယ်။ မဟာ ရပ်ရှတရာက ပဲစင်းငုံသစ်ဈေးဟာ တစ်တန်ရူပီး ၄၃၀၀၀(ကန်ဒေါ်လာ ၈၇၃)အထိ မြင့်တက်ခဲ့ပြီးမှ ဝင်ရောက်လာတဲ့ ပဲစင်းငုံ သစ်တွေမှာ အစိုဓာတ်ပါဝင်မှု မြင့်တဲ့ အတွက်ပဲခွဲစက်တွေကဝယ်လိုအားကျဆင်းခဲ့တာကြောင့်လက်ရှိဈေးအထိ ဆင်းလာ ခဲ့ခြင်း ဖြစ်ပါတယ်။    အင်ဒိုရီဈေးကွက်ကို နေ့စဉ်ပဲစင်းငုံသစ်အိတ် ၁၀၀၀-၁၂၀၀ ဝန်းကျင် ဝင် ရောက်လျက်ရှိတဲ့အပြင် လာမယ့် ရက်တွေမှာ မြန်မာနိုင်ငံကာ တင်သွင်းပဲတွေ လည်း ရောက်ရှိတော့မှာဖြစ်လို့ ပဲစင်းငုံဈေးကို ထပ်မံကျဆင်းစေနိုင်တယ်လို့ မဒ္ဒရာ ပရာဒေ့ရှ် ပွဲခွဲစက်ဥက္ကဌ  Mr  Suresh  Agrawal မှ ပြောကြားပါတယ်။ ဒါပေမယ့် ယခုနှစ် ပဲစင်းငုံ ထွက်ရှိမှုကျဆင်းတာကြောင့် ရေရှည်မှာ ပဲစင်းငုံဈေး ကျဆင်းမှာ မဟုတ်ဘူးလို့လည်း ၎င်းင်းက ဆိုပါတယ်။    ယခင်နှစ်က ပဲစင်းငုံတန်ချိန် သိန်း ၃၀ ခန့် ထွက်ရှိရာမှ တန်ချိန် သိန်း၂၀ကို ကျဆင်းမယ်လို့ ခန့်မှန်းထား ပါတယ်။ အဲဒီလို အထွက်ကျဆင်းရခြင်းဟာ စိုက်ပျိုး စဉ် ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်းမှုနည်း တာကြောင့်လို့ဆိုပါတယ်။                ယမင်းခင်Source: hidubusiness