Main menu

Background

ပဲလွန်းဖြူ အရောင်းအဝယ် ပမာဏများပြီး ပုံမှန်အပို့ရှိ

Mon, 02/06/2012 - 05:36 -- Anonymous (not verified)

    ပဲလွန်းဖြူအသစ်များ ဈေးကွက်စုံ လာပြီဖြစ်လို့ ရန်ကုန် ၤဥြ ဈေးကွက် မှာအရောင်းအဝယ်ဖြစ်မှုပမာဏလည်း များလာပါတယ်။ ရန်ကုန် FOB  ဈေး ကွက်မှာ နေ့စဉ်အရောင်းအဝယ်ရှိပြီး ဇန်နဝါရီ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ပဲလွန်းဖြူ စုစုပေါင်း တန် ၂၀၀၀ ကျော် အရောင်းအဝယ် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။     ပြည်ပတင်ပို့မှုအနေနဲ့ ယခင် သီတင်းပတ်မှာ တန်ချိန် ၄၁၀ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီလ ၂၃-၂၇) အတွင်းမှာ တန်ချိန် ၂၇၀ ခန့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခုတစ် ပတ် တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ ဆော်ဒီအာရေးဗီးယား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။ ပင်လယ်ရေ ကြောင်းက ယခုဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ရဲ့ဇန်နဝါရီ ၂၇ ရက်အထိ ပဲလွန်း ဖြူစုစုပေါင်းတင်ပို့မှုမှာ တန်ချိန် နှစ် သောင်းကျော်သွားပြီဖြစ်ကြောင်း သိရ ပါတယ်။    ရန်ကုန် FOB ဈေးမှာ ဈေးသိသိ သာသာ ကျဆင်းခဲ့ရာ ဇန်နဝါရီလ ၂၇ ရက်က ပဲလွန်းဖြူ FAQတစ်တန် ကန် ဒေါ်လာ ၆၉၀ -၇၁၀၊ SQ  တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ ရှိရာမှ ဖေ ဖော်ဝါရီလ ၃ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၃၀-၆၅၀ နဲ့ SQ တစ် တန်ကန်ဒေါ်လာ၇၈၀-၈၀၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT