Main menu

Background

မူဆယ်နယ်စပ်မှ ပရဆေးကုန်ကြမ်း အပို့ပိုပြီ

Mon, 02/06/2012 - 09:37 -- Anonymous (not verified)

    ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၆၈၉ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၇၄ တန် ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂ ဆ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ်တင်ပို့တဲ့ ပရ ဆေး ကုန်ကြမ်းတွေကတော့ဆီးဆန်၊   မိချောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ နေလဲစေ့၊ ရွေးစေ့၊ ကွမ်းသီးခွံ၊ ခပေါင်းစေ့နဲ့ ဒရင်ကောက်မြစ် တို့ ဖြစ်ပါတယ်။ ဝဥခြောက်၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ နေလဲစေ့နဲ့ ဒရင်ကောက်မြစ်တွေ ယခင်အပတ်ထက် ပိုမို တင်ပို့နိုင်ခဲ့သလို ယခင်အပတ်က တင်ပို့ခြင်းမရှိတဲ့ မိချောင်း ကွမ်းဖတ်စေ့၊ ခပေါင်းစေ့နဲ့ ရွေးစေ့တို့လည်း ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။     မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကတော့ ပရဆေး ကုန်ကြမ်း စမုံဖြူ သုည ဒသမ ၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းနီးပါးဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန်ချိန် သုည ဒသမ ၃ တန်ကျော် ပိုမိုတင် သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT(DOBT)