ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို ယခုတစ်ပတ်လည်း အရောင်းအဝယ် ကောင်းနေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်အတွင်း ပဲတီရွှေဝါ၊ ပဲတီစိမ်း စုစုပေါင်း တန်ချိန် ၁၃၀၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်များက အရည်အသွေးကောင်းတဲ့ ခရမ်း၊ သုံးခွ ပဲတီရွှေဝါများကို အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲတီစိမ်း ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀၊ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၂၀-၈၄၀ နဲ့ ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေပေမဲ့ FAQ (အညာ)မှာ ဖေဖော်ဝါရီလ ၃ ရက်က ကန်ဒေါ်လာ ၆၉၀-၇၁၀ ရှိရာမှ ဖေဖော်ဝါရီလ ၁၀ ရက်မှာ ကန်ဒေါ်လာ ၇၀၀-၇၂၀ ကို တိုးတက်လာကြောင်းသိရပါတယ်။ MIRT - MAPT
Background