Main menu

Background

ပြည်ဘိုကိတ်ပဲ လက်လီ၊ လက်ကားအရောင်းအဝယ်ဖြစ်

Sun, 02/12/2012 - 07:16 -- Anonymous (not verified)

                 ပြည်ဈေးကွက်ကို ဘိုကိတ်ပဲသစ်များ နေ့စဉ်ဆက်တိုက်ဆိုသလို ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တစ်ရက်အိတ် ၁၀၀ ကျော်ဝင်ရောက်ခဲ့ကြပါတယ်။ ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်မှ အဝင်ရှိသလို အောင်လံဘက်မှလည်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်းမြို့ နယ်များမှတစ်ဆင့် ပြန်လည်ရောင်းချရန် ဝယ်ယူမှုများရှိသလို ရန်ကုန်ဝယ်လက်များလည်း အဝယ်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၁၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ ဘိုကိတ်ပဲဈေးနှုန်းမှာ တစ်တင်း ၁၁၀၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြကြောင်း သိရပါတယ်။    ခင်ဆွေဝင်း