ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၇၇ သန်းတန်ဖိုးရှိ ဆန်နဲ့ ဆန်ကွဲ တန် ၉၉၈၀ ကျော် အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ ချင်းရွှေဟော်မှ ဧည့်မထ ၅၄၆ တန်ကျော်၊ မူဆယ်မှ ဧည့်မထ ၁၀ မှတ် တန် ၂၀၀၀ ကျော်၊ ဧည့်မထ ၁၅ မှတ် ၈၅၆ တန်၊ ဧည့်မထ ၂၅ မှတ် ၃၁၉၂ တန်ကျော်၊ ဧည့်မထ ငစိန်ဆန်ကွဲ ၈၂၃ တန်၊ ငစိန် ၂၅ မှတ် ၁၈၇၆ တန်ကျော်နဲ့ ၁၀ မှတ် ၆၈၇ တန်ခန့် အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခုအပတ် နယ်စပ်မှ ဆန်တန် ၉၉၈၀ ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန်၂၇၀၀ ခန့် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်မှ ဆန်တင်ပို့မှုကိုကြည့်လျှင် ဒီဇင်ဘာလမှ တန် ၁၂၀၀ ခန့်နဲ့ ဇန်နဝါရီလမှာ ၁၁၇၀၀ ကျော် အသီးသီးတင်ပို့ထားပြီး ဖြစ်ပါတယ်။MIRT(DOBT)
Background