ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ရေထွက်ကုန်တင်ပို့မှု တန် ၃၄၂၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၆၇၉ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့ စစ်တွေမှ ကန်ဒေါ်လာသုည ဒသမ ၁၂၉ သန်းတန်ဖိုးရှိ ရေချိုငါး ၁၃၄ တန်ခန့်နဲ့ ငါးစုံ လေးခြောက် ၂ တန်၊ မောင်တောမှ ကန်ဒေါ်လာသုညဒသမ ၁၂၀ သန်းတန်ဖိုးရှိ ငါးနီတူခြောက် တန် ၅၀၊ ငါးကုန်းညို ခြောက် တန် ၅၀ နဲ့ ငါးစုံလေးခြောက် ၄၃ တန်ခန့် အပို့ရှိခဲ့ ပါတယ်။ မြိတ်နယ်စပ်မှာလည်း ကန်ဒေါ်လာ ၂ ဒသမ ၄၇၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၈၂ တန်ကျော်နဲ့ မြဝတီ နယ်စပ်မှကန်ဒေါ်လာသုညဒသမ ၃၂၈ သန်းတန်ဖိုးရှိ ငါးမျိုး စုံ ၈၃တန်ကျော်၊ ပုစွန် ၁၁ တန်၊ကဏန်း ၇ တန်၊ ဘီလား သုညဒသမ ၂၇၆ တန်၊ ငါးရှဉ့် ၁ ဒသမ ၇၅ တန်အပို့ရှိခဲ့ တာဖြစ်ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၆၄၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၇၈၄ တန်၊ ကင်းမွန် ၃ တန်ကျော်၊ ကဏန်း ၁၁ တန်ကျော်၊ ပုစွန် ၁ တန်ကျော်၊ ငါးဆားနယ် ၄၆ တန်ကျော်နဲ့ ခရု ၂ တန် အပို့ရှိခဲ့ပါတယ်။ MIRT(DOBT)
Background