Main menu

Background

နယ်စပ်မှ ယခုအပတ် ရော်ဘာအပို့ နှစ်ဆနီးပါးပိုမို

Mon, 02/13/2012 - 06:15 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၆၉၂ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၅ တန်ကျော်ကို ဖေဖေါ်ဝါရီလ ၁ ရက်မှ ၇ ရက်အတွင်း တစ်ဖက်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာRSS-3  ၈၅၃ တန်ကျော်၊ MSR-20  ၁၂၇ တန်ခန့်၊ MSR-50  ၁၁၈ တန်ကျော်နဲ့ ရော်ဘာဖြတ်စ ၁၇ တန် နယ်စပ်စခန်းများမှ အပို့ရှိခဲ့တာဖြစ်ပါတယ်။RSS-3   ကို နယ်စပ်အလိုက် တင်ပို့နိုင်မှုများကတော့ မူဆယ်မှ တန် ၆၃၀နဲ့ ချင်းရွှေဟော်မှ ၂၂၃ တန်ကျော် ဖြစ်ပါတယ်။ ကျန်ရော်ဘာအဆင့်များကို မူဆယ်နယ်စပ်မှသာ အပို့ရှိခဲ့တာဖြစ်ပါတယ်။ မိမိဘက်  RSS-3   ဈေးကျနေပြီး RSS-5  ဈေးကတော့ ပြောင်းလဲမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                      ယခု          ယခင်     ပြောင်းလဲမှု     %    ယခု       ယခင်    ပြောင်းလဲမှု    %RSS - 3        ၂၅၈၄၈၀၀    ၂၅၉၇၄၀၂     ၁၂၆၀၂    ၀ .၅    ၃၁၅၉    ၃၅၆၅         ၄၀၆        ၁၁RSS - 5         ၂၄၆၇၅၃၂    ၂၄၆၇၅၃၂          -         -       ၃၀၀၀    ၃၄၆၈        ၄၆၈         ၁၃ MIRT (DOBT)