Main menu

Background

ပြည်မတ်ပဲ ဈေးမြင့်လာပြီး အဟောင်းရောအသစ်ပါ အရောင်းအဝယ်ဖြစ်

Sun, 02/19/2012 - 10:22 -- Anonymous (not verified)

      ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်များ မကွေးတိုင်းဒေသကြီး၊ ကံမ၊ အောင်လံ အနီးအနားရွာများမှ တစ်နေ့ကို အိတ် ၂၅၀ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ မတ်ပဲ အသစ်တစ်တင်းကို ၁၃၅၀၀ ကျပ်ဈေးရှိပြီး၊ ပဲဟောင်းတစ်တင်းကို ၁၂၅၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်၊ ရန်ကုန်ဝယ်လက် အရောင်းအဝယ်ရှိပြီး၊ ပဲသစ်ပဲဟောင်း နှစ်မျိုးစလုံး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မကွေးတိုင်း ဒေသကြီးဘက်မှသာ ပြည်ကို ပဲအဝင်ရှိပြီး၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်မြို့ တွေမှပဲကို ရန်ကုန်ကိုတင်ပို့မှုများတယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့် နောင်ကို ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၅၀၀ခန့် တင်ပို့မှုရှိတယ်လို့ သိရ ပါတယ်။                                                                  မိမိအေး