ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်FOB ဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါများ အရောင်းအဝယ် အား ကောင်းနေပါတယ်။ တရုတ်ဈေးကွက်ကို တင်ပို့ဖို့အဝယ်ရှိသလို အချို့ကုမ္ပဏီများမှ quality သန့်ပြီး အရောင်းခွဲပြီး တရုတ် (တိုင်ပေ)ကို တင်ပို့ဖို့ဝယ်လိုအားရှိနေတာကြောင့် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ၊ ခွဲခြမ်းတန်ချိန် စုစုပေါင်း နှစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုများပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက် ပဲတီစိမ်း (FAQ) အညာ တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ FAQ (ပခုက္ကူ) တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၂၀-၈၄၀ ရှိကြောင်း သိရပါတယ်။ MIRT -MAPT
Background