Main menu

Background

ပရဆေးတင်ပို့မှု မူဆယ်မှ ပိုမိုဆောင်ရွက်နိုင်သလို ယခုအပတ်တမူးမှလည်း အသွင်းပြန်ရှိ

Mon, 02/20/2012 - 08:13 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ မြန်မာ -အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်တို့မှ ယခုအပတ်မှာ ပရဆေး ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မှုများကို ကြည့်တဲ့အခါ မူဆယ် နယ်စပ်မှ ယခင်အပတ်ကထက် တန် ၅၀၀ ကျော် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၆၈၇ သန်း ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခု အပတ်တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ ဆီးဆံ၊ မန်ကျည်းမှည့် (အစေ့ပါ)၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ ကြောင် ပန်းစေ့၊ ကြောင်လျှာစေ့၊ နေလဲစေ့၊ ရွေးစေ့၊ ကွမ်းသီးခွံ၊ ခပေါင်းစေ့နဲ့ ဒရင်ကောက်မြစ်များဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၀၁၄ သန်း တန်ဖိုးရှိ အလေးချိန်အားဖြင့် ၇၂၅ တန် ခန့်ကို တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တင်သွင်းမှုအပိုင်းအနေနဲ့ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်း တန်ဖိုးရှိ တောင်လုံးကျော် တန်ဝက်၊ ရှိန်းခိုတစ်တန်ခွဲ၊ ဟင်းရိုင်းနီ ၀ ဒသမ ၁၀ တန်နဲ့ ဇာတိပ္ဖိုလ် သီး သုည ဒသမ ၈၄၃ တန် အသီးသီး ယခုအပတ်မှာ အပို့ရှိခဲ့ ပါတယ်။ ယခင်အပတ်က တမူးနယ်စပ်မှ ပရဆေးကုန်ကြမ်း အသွင်းနားခဲ့ရာမှ ယခုအပတ်မှာ လုပ်ငန်းဆောင်ရွက်မှု ပြန်ရှိ လာတာဖြစ်ပါတယ်။                          MIRT (DOBT)