ထိုင်ဝမ် (ကုလားပဲ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၈၀၀ ၈၆၂ ၂ မကွေး ၁ ပိဿာ ၇၆၅ ၈၀၅ ၃ ပခုက္ကူ ၁ ပိဿာ ၇၅၀ ၈၇၃ ၄ မုံရွာ ၁ ပိဿာ ၈၃၆ ၇၈၉ ၅ အောင်လံ ၁ ပိဿာ ၇၇၅ ၇၅၀ ၆ မြင်းခြံ ၁ ပိဿာ ၇၂၀ ၈၂၅ ၇ ပြည် ၁ ပိဿာ ၇၇၀ ၈၁၅ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိလို့ ဈေးမြင့်လာ မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ် အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၈၀၅ ကျပ်(တစ်တန်ကို ၄၉၂၉၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေး ကွက်မှာ ကုလားပဲက ဈေးကွက်သို့အဝင်ပုံမှန်ရှိနေသလို မြို့ခံခွဲစက် တွေကလည်း အရည်အသွေးကောင်းတဲ့အပေါ်ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၇၃ ကျပ်(တစ်တန်ကို ၅၃၄၆၁၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ မှ ၁၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါ တယ်။ အောင်လံဈေးကွက်မှာ ကုလားပဲသစ်တွေ ဈေးကွက်ထဲစ တင်ဝင်ရောက်နေပြီး ခွဲစက်တွေက တစ်ပိဿာ ၇၅၀ ကျပ်(တစ်တန် ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၂၅၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ်အားအထိုက်အလျောက်သာရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၆၂ ကျပ်(တစ်တန်ကို ၅၂၇၈၈၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၄၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလား ပဲ(သစ်)တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်နေပြီး အဖွင့်ဈေးက တစ် ပိဿာ ၈၂၅ ကျပ်(တစ်တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့ အရောင်းဖွင့်ထား ပေမယ့် ဈေးကွက်သို့အဝင်နည်းသေးတာကြောင့် တစ်ရက်ကို အိတ် ၅၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေး ကွက်မှာ ဈေးကွက်ထဲစတင်ဝင်ရောက်လာတဲ့ ကုလားပဲ(သစ်)ကို ရန်ကုန်ဝယ်လက်ဝယ်အားပုံမှန်ရှိပြီး လက်ကျန်ကုလားပဲ(ဟောင်း) ကိုတော့ ဒေသတွင်းခွဲစက်သမားများ အဝယ်ရှိနေတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲ(သစ်) တစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉၀၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ မှ ၁၀၀ ကြား၊ ကုလားပဲ(ဟောင်း)က တစ်ပိဿာ ၇၇၀ ကျပ်(တစ်တန်ကို ၄၇၁၅၄၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။
Background