Main menu

Background

ပဲစင်းငုံနီ

Mon, 02/20/2012 - 09:26 -- Anonymous (not verified)

ပဲစင်းငုံနီ        စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်        ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်       ၄၉၇၀၀၀     ၅၀၅၀၀၀                ၂       မန္တလေး     ၁ ပိဿာ         ၇၄၂          ၇၅၀         ၃        မုံရွာ         ၁ ပိဿာ        ၇၄၀           ၇၃၅        ၄     ပခုက္ကူ         ၁ ပိဿာ        ၇၅၀          ၇၅၃                ၅    မြင်းခြံ          ၁ ပိဿာ         ၇၂၀         ၇၄၅                ၆    အောင်လံ     ၁ ပိဿာ         ၇၄၀          ၇၅၀                ၇    မကွေး        ၁ ပိဿာ         ၇၅၀          ၇၄၅                ၈    ပြည်           ၁ ပိဿာ        ၇၃၅          ၇၆၀     ပဲစင်းငုံနီကို အိတ်စပို့ အဆွဲပုံမှန်ရှိနေ    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ  (သစ်) ရော (ဟောင်း) ပါ အိတ်စပို့အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ငုံနီ(သစ်)တစ်တန်ကို အနိမ့်ဆုံး ၄၉၇၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၀၆၀၀၀ ကျပ်အတွင်း၊ ပဲစင်းငုံနီ(ဟောင်း)က တစ်တန်ကို အနိမ့်ဆုံး ၄၆၄၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၄၇၅၀၀၀ ကျပ်အတွင်း တန်ချိန် ၆၄၄၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်စဖွင့်တဲ့ရက်မှာပဲ ဈေးကောင်းပေမယ့်နောက်ပိုင်းမှာ ဈေး ကွက်သို့ပစ္စည်းအဝင်များလာတဲ့အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးနှိမ်ပြီး အဝယ်ရှိတာကြောင့် ဈေးအနည်းငယ်ပြန်ကျသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ ကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်၊ မြို့ခံပဲခွဲစက် များနဲ့ အခွံချွတ်စက်များကလည်း ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့တစ်ရက်ကိုအိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အခုဝင်လာတဲ့ပဲသစ် တွေက အရည်အသွေးကောင်းလို့ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာ ကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏကလည်း ယခင်ထက် ပိုများ လာတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပခုက္ကူဈေးကွက် မှာ ပဲစင်းငုံနီ(ဟောင်း)နဲ့စာရင် (အသစ်)က ပိုပြီးအရောင်းသွက် ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီ(သစ်) တစ် ပိဿာကို ၇၅၅ ကျပ်(တစ်တန်ကို ၄၆၂၃၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်၊ ပဲစင်းငုံနီ(ဟောင်း)က တစ်ပိဿာကို ၆၉၅ ကျပ်(တစ်တန်ကို ၄၂၅၆၁၁ ကျပ်)နဲ့နေ့စဉ်အိတ် ၁၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီ (ဟောင်း)က အရောင်းအဝယ်ပါးသွားပြီး ပဲစင်းငုံနီ(သစ်)ကိုသာ ရန် ကုန်ဝယ်လက်က အဆွဲများတာကြောင့်  ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၄၅ ကျပ်(တစ်တန်ကို ၄၅၆၂၃၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲစင်းငုံနီ(သစ်) ရော(ဟောင်း)နှစ်မျိုးစလုံးကို ရန်ကုန်အဆွဲပုံမှန်ရှိခဲ့သလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်) တစ်ပိဿာ ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)၊ ငုံနီ(ဟောင်း)တစ်ပိဿာကို ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၆၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။