ယခုနှစ်ပြောင်းရာသီမှာတော့ မြန်မာ - တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ် မှ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်ထိကာလမှာ ကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၅၃ တန်ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်က မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်စခန်းများမှသာ အပို့ရှိခဲ့ရာမှ ယခုအခါ ကန်ပိုက်တီးနယ်စပ်ကပါ တင်ပို့နိုင်လာတာဖြစ်ပါတယ်။ ယခုပတ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၃၇၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၈၄၇၀ ကျော်ကို နယ်စပ်ကုန် သွယ်ရေးစခန်းများမှ တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် တန် ၃၀၀၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းများအလိုက် ပြောင်းတင်ပို့ နိုင်မှုများမှာ မူဆယ်မှ ၆၈၄၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၀၇၁ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၅၅၃ တန်ကျော် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ မြေပြင်ပေါက် ဈေးများကိုကြည့်ရာမှာ မိမိတို့ဖက်မှာ တစ်တန်ကို ကျပ် ၂၂၆၀ ကျော် လျော့ နည်းခဲ့ပြီး မိမိဖက်မြေပြင်ပေါက်ဈေးမှာ ကျပ် ၂၆၉၁၃၂ နဲ့ တစ်ဖက်နိုင်ငံဈေး ၃၁၁ ဒေါ်လာဈေး ပေါက်လျက်ရှိပါတယ်။ ယခင်ကထက် ၁ ဒေါ်လာဝန်းကျင် သာ တရုတ်ဖက်မှာ ဈေးလျော့နည်းလျက်ရှိပါတယ်။ MIRT(DOBT)
Background