ယခင်က ပဲပြောင်းစတဲ့လယ်ယာထွက်ကုန်အမယ်များကို အပတ်စဉ် ဈေးနှုန်းညှိနှိုင်းမှုကော်မတီမှ ညှိနှိုင်းဈေးနဲ့လိုင်စင်ထုတ်ပေးခဲ့ရာမှ ယခုအခါ ဈေးနှုန်းညှိနှိုင်းမှုကို မဆောင်ရွက်တော့ဘဲ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ FOB ဈေးနှုန်းအတိုင်း လိုင်စင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ ရော်ဘာကိုလည်း ဈေးနှုန်းညှိကော်မတီရဲ့ ညှိနှိုင်းချက်အရ လိုင်စင်ထုတ်ပေးရာမှာ ရော်ဘာအသင်းရဲ့ ထောက်ခံချက်နဲ့ တင်ပို့ခွင့်ရရှိ နေပြီ ဖြစ်ပါတယ်။ ရေထွက်ပစ္စည်းတင်ပို့တဲ့အခါ ယခင်က ငါးလုပ်ငန်း ဦးစီးဌာနရဲ့ ဈေးနှုန်းထောက်ခံချက်ရယူရန် လိုအပ်ခဲ့ပေမယ့် ယခုအခါ မှာတော့ သက်ဆိုင်ရာ နယ်စပ်စခန်းမှာ အရောင်းအဝယ်ပေါက်ဈေးအတိုင်း တင်ပို့ခွင့်ပြုထားပြီလို့ သိရပါတယ်။ ယခင်က ငရုတ်သီးခြောက်တင်ပို့မယ်ဆိုလျှင် မြန်မာနိုင်ငံ ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ စားဖိုဆောင်သီးနှံအသင်းမှ ဈေးနှုန်းထောက်ခံချက်နဲ့ အတူ တင်ပို့ခွင့်လိုင်စင်လျှောက်ထားရသော်လည်း ယခုအခါအသင်းရဲ့ ထောက်ခံချက်မလိုဘဲ တင်ပို့ခွင့်ပြုထားပြီဖြစ်ပါတယ်။ ဆန်ကိုလည်း ဆန် ကုန်သည်အသင်းနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရရဲ့ ထောက်ခံချက်နဲ့ အတူတင်ပို့ခွင့်ပြုထားပြီး နိုဝင်ဘာလနှောင်းပိုင်းမှစလို့ မည်သည့်ထောက် ခံချက်မှမလိုအပ်ဘဲ တင်ပို့နိုင်ပြီဖြစ်ပါတယ်။ ယခင်က ပဲပြောင်းလိုင်စင်လျှောက်ထားရာမှာ ဖောင်းပွမှုမရှိစေရန် လိုင်စင် ၁ စောင် တန် ၃၀၀ သာခွင့်ပြုပြီး လက်ကျန်တန် ၃၀ ကျန်ရှိမှ လိုင်စင်အသစ်ထပ်မံလျှောက်ထားခွင့် ပြုခဲ့ပါတယ်။ ယခုအခါမှာတော့ ကန့်သတ်ချက်မရှိဘဲ တင်ပို့နိုင်တဲ့ တန်ချိန် ၁၀၀၀၊ ၂၀၀၀ စသဖြင့် အရေအတွက် ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ပဲပြောင်းနှမ်းကို Ready Cargo ဖြစ်က မူဆယ်နယ်စပ်စခန်း တစ်ခုတည်းကို နယ်စပ်စခန်းမှာ လိုင်စင်လျှောက်ထားတင်ပို့ခွင့်ပြုထားရာမှ အခြားနယ်စပ်စခန်းများမှာလည်း Ready Cargo ဖြစ်လျှင် တင်ပို့ခွင့်ပြုနေ ပြီဖြစ်ပါတယ်။ ယခင်က ဒေသထွက်ပြောင်းကို နယ်စပ်ဖြတ်ကျော် ပုံမှန် ကုန်သွယ်မှုနည်းလမ်းနဲ့ ရုံးချုပ်သို့လိုင်စင် လျှောက်ထားရသော်လည်း ယခုအခါ Credit ရှိလျှင် နယ်စပ်စခန်းတွင်ပင် နေ့ချင်းလိုင်စင် လျှောက် ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒေသထွက်ပြောင်းကို တင်ပို့ရန် Credit အခက် အခဲရှိလို့ ကျပ်ငွေနဲ့တင်ပို့ ချင်တယ်ဆိုလျှင်လည်း နယ်စပ်စခန်းများက တစ်ဆင့် ရုံးချုပ်သို့ တင်ပြခွင့်ပြုချက်တောင်းခံပေးသွားတော့မှာ ဖြစ်ပါ တယ်။ဒီလိုဖြေလျော့မှုများစွာပေးထားပြီဖြစ်ရာ ကုန်သည်များအနေနဲ့လည်း ကုန်သွယ်မှုတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။Source:နကသ (ကန်ပိုက်တီး) ချမ်းမြေ့မောင်
Background