Main menu

Background

FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ် ထက်ဝက်ခန့်လျော့ကျ

Mon, 02/27/2012 - 04:55 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်ကထက် ထက်ဝက်ခန့်လျော့ပြီး ဖေဖော် ဝါရီ ၁၇-၂၃ ရက်အတွင်း တန်ချိန် ၆၅၀၀ ကျော်သာ အရောင်းအဝယ် စာချုပ်ခဲ့ ကြောင်း သိရပါတယ်။ ဈေးကွက်တွေကို မတ်ပဲအသစ်အနည်းငယ်စီ ဝင်ရောက် လာပြီ ဖြစ်ပြီး အိန္ဒိယဝယ်လက်များက မတ်ပဲအသစ် SQ ကို အဝယ်သန်ပေမဲ့ ယခင်နှစ်လက်ကျန် မတ်ပဲဟောင်းကိုတော့ ဝယ်ယူမှုနည်းတယ်လို့ သိရပါတယ်။    ယခင်နှစ် မတ်ပဲများမှာ အရည်အသွေးနိမ့်များ ပါဝင်မှုများတဲ့အတွက် ဝယ် လက်များက အရည်အသွေးကောင်း မတ်ပဲကိုသာ ဝယ်ယူလိုခြင်းဖြစ်တယ်လို့ သိရ ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အရောင်းအဝယ်ပါးတာကြောင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ မတ်ပဲ FAQတစ်တန် ကန်ဒေါ်လာ ၅၃၀-၅၅၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀ ဈေးအသီးသီးနဲ့ ယခင်တစ် ပတ် ဈေးအတိုင်း ငြိမ်နေကြောင်း သိရပါတယ်။MIRT - MAPT