Main menu

Background

ပြည်ဈေးကွက်ကို ပြည်မတ်ပဲသစ်များ ဝင်ရောက်မှုနည်းလာသလို ဈေးလည်း လျော့သွားခဲ့

Mon, 02/27/2012 - 04:58 -- Anonymous (not verified)

    ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်ဝင်ရာက်မှုမှာ ယခင်တစ်ပတ်ထက် လျော့နည်း သွားခဲ့ပြီး၊တစ်နေ့ကိုပဲအိတ် ၁၄၀ - ၁၅၀ ခန့်သာ မကွေးတိုင်းဒေသကြီး၊ အောင်လံ- ပြည် ကြားရွာများမှ အဝင်ရှိတယ်လို့ သိရပါတယ်။  ပဲအဝင်နည်းခဲ့သလို ပဲဈေးမှာ ယခင်တစ်ပတ်ထက် လျော့နေခဲ့ပြီး၊ ပဲသစ်တစ်တင်းကို ၁၃၂၀၀ ကျပ်၊ ပဲဟောင်း တစ်တင်းကို ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပဲသစ်ရောင်းဝယ်မှုမှာ ဝင်သလောက်အဝယ်ရှိပြီး၊ ပဲဟောင်းရော ပဲသစ်ပါတစ်နေ့ကို အိတ် ၄၀၀-၅၀၀ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့်နောင်ကို တစ်နေ့ အိတ် ၁၀၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။မိမိအေး