ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခုတစ်ပတ် သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၀၀၀ ကျော်အထိ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တန်ချိန် ၁၁၀၀၀ ကျော်အထိ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း သိရပါ တယ်။ အရည်အသွေးကောင်း ပဲတီရွှေဝါများကို တရုတ်ဝယ်လက်များ ကြိုက်နှစ် သက်သလို အိန္ဒိယဘက်ကလည်း အဆွဲရှိတာကြောင့် တင်ပို့မှုပိုမိုလာခြင်း ဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၁၃-၁၇ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၂၇၄၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၂၂၀၀၀၀ နီးပါးတင်ပို့ခဲ့လို့ ယခုနှစ်မှာ ပဲတီစိမ်းတန် ၅ သောင်းခန့် ပိုမိုတင်ပို့ ထားပြီးကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။MIRT - MAPT
Background