Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲတီရွှေဝါ အရောင်းအဝယ် အားကောင်းနေ

Mon, 02/27/2012 - 05:08 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အရောင်းအဝယ်ဖြစ်မှု အများဆုံးပဲကတော့ ပဲတီရွှေဝါ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် နှစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့သလို ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၁၇-၂၃ ရက်) အတွင်းမှာလည် တန်ချိန် နှစ်သောင်းအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။    အရည်အသွေးကောင်း ပဲတီစိမ်းများကိုသန့်ပြီး ဗီယက်နမ်မှ တစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့မှုရှိနေတဲ့အတွက် အရောင်း အဝယ် ပမာဏတက်လာခြင်းဖြစ်ပါတယ်။ အရောင်းအဝယ်သွက်ပေမဲ့ FOB  ဈေးမှာ ပဲတီစိမ်းအညာတစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ငြိမ်နေပေမဲ့ ရွှေဝါအကြီးမှာ ဖေဖော်ဝါရီလ ၁၇ ရက်က ကန်ဒေါ်လာ ၈၂၀-၈၄၀ ရှိရာမှ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ကိုလျော့ကျ လာပါတယ်။ MIRT - MAPT