ကုလားပဲဖြူလုံးကြီးများ ဈေးကွက်ထဲ ဝင်လာနေပြီဖြစ်ပြီး အိန္ဒိယနဲ့ပါကစ္စတန် က ဝယ်လိုအားကောင်းနေတဲ့အတွက် FOB ဈေးကွက်မှာ ဖေဖော်ဝါရီလ ၁၇-၂၃ ရက်အထိ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၅၇၀၀ ကျော် အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယမှာ ပဲအထွက်လျော့တဲ့ သတင်းတွေ အရယခုတစ်ပတ်အတွင်းကုလားပဲဈေးကွက်သွက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ ပင်လယ်ရေကြောင်း တင်ပို့မှု အနေနဲ့ ဖေဖော်ဝါရီလ ၁၃-၁၇ ရက် အတွင်း တန်ချိန်၃၂၅တန်ကို ပါကစ္စတန်နဲ့ အိန္ဒိယကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အရောင်းအဝယ် အခြေအနေအရ လာမယ့်သီတင်းပတ် သင်္ဘောတင်ပို့မှု ပိုမိုဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်က FAQ တစ်တန်ကန်ဒေါ်လာ ၇၀၀-၇၂၀ ရှိရာမှ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ကန် ဒေါ်လာ ၇၄၀-၇၆၀ ကို မြင့်တက်လာကြောင်း သိရပါတယ်။ MIRT - MAPT
Background