Main menu

Background

မူဆယ်မှ သစ်သီးဝလံတင်ပို့မှု ယခင်အပတ်ထက်ပိုမို

Mon, 02/27/2012 - 08:07 -- Anonymous (not verified)

    မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၇၃ သန်းတန်ဖိုးရှိ ဖရဲသီး ၈၅၇၅ တန် ခန့်၊ သခွားမွှေး ၁၁၄၉ တန်၊ ဆီးသီး ၂၅၈ တန်ကျော်နဲ့ စပျစ်သီး ၂၁ တန်ကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁  ရက် ထိကာလအတွင်း တစ်ဖက် တရုတ်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဖရဲသီး တန် ၈၀၀ ကျော်၊ သခွားမွှေး ၂၉၅ တန်နဲ့ ဆီးသီး ၁၀ တန် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။     ကန်ပိုက်တီးနယ်စပ်မှ တစ်ရှူးငှက်ပျောတန် ၂၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ၀၂၅ သန်းဖိုး ယခုအပတ်မှာ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်သွင်းမှု အပိုင်းမှာ မူဆယ်နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုညဒသမ ၂၉၅ သန်းတန်ဖိုးရှိ ပန်းသီး ၆၅၅ တန်အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။                                                             MIRT(DOBT)