Main menu

Background

နယ်စပ်မှ ယခုအပတ် ဆန်တန်ချိန် ၁၅၃၆၀ ကျော် တင်ပို့

Mon, 02/27/2012 - 08:10 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီလ ၁၅ မှ ၂၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၆ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ဆန်တန် ၁၅၃၆၃ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၇၀၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၁၀၃၅၂ တန်နဲ့ ငစိန် ၃၈၈၇ တန်၊ ချင်းရွှေဟော်မှ ဧည့်မထ ၆၅၈ တန်ကျော်၊ ငစိန် ၁၆၅ တန်နဲ့ ကန်ပိုက်တီးမှ ဧည့်မထ တန် ၃၀၀ ဖြစ်ပါတယ်။ ချင်းရွှေဟော်မှ ယခုအပတ်ဆန်အပို့ တန် ၈၃၀ လျော့နည်း ခဲ့သော်လည်း ကန်ပိုက်တီးမှ တန် ၁၀၀ နဲ့ မူဆယ်မှ ၄၄၄၅ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ တရုတ်ဖက်မှလည်း ဝယ်လိုအားရှိနေတဲ့အတွက် တင်ပို့မှုအားကောင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန်နဲ့ မန္တလေးဆန်ကုန်သည်များ၊ ဆန်လုပ်ငန်းရှင်များက တင်ပို့လျက်ရှိပြီး ဈေးကွက်မှာ လိုအပ်ချက်များမြင့်မားနေတယ်လို့ သတင်းရရှိပါတယ်။                                                                       MIRT(DOBT)