ပင်လယ်ရေကြောင်းက ပဲမျိုးစုံ တင်ပို့တဲ့အနက် ယခုတစ်ပတ်မှာ ပဲတီရွှေဝါတင်ပို့မှု ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာ တန် ချိန် ၁၃၀၀၀ ခန့်အထိ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုအနေနဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် ၂၉၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၆၄ သန်း ကျော် ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၂၃၀၀၀၀ ကျော်တင်ပို့ခြင်းမှ ကန် ဒေါ်လာ ၂၅၇ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏအားဖြင့် တန် ၅ သောင်းကျော်ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၇ သန်းကျော်သာပိုမို ရရှိတဲ့အတွက် ယခုနှစ်ရောင်းဈေးမှာ ယခင်နှစ်ထက် လျော့နည်း ကွာခြားမှုများတာ တွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု အားကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT
Background