Main menu

Background

ဟိုပုံးနနွင်းလည်း ကြိုက်ဈေးရမှ ဖော်မယ်

Mon, 03/05/2012 - 04:04 -- Anonymous (not verified)

    ဟိုပုံးနနွင်းကလည်း အဝင်သိပ်မများသေးပါဘူး။ သြင်္ကန်ပြီးလောက်မှသာ အဝင်များလာမှာဖြစ်ပါတယ်။ ခြံရှင်တွေက လည်း ဈေးကောင်းမရလို့ မဖော်ချင်ကြသေးပါဘူး။ မနှစ်ကဒီအချိန်မှာ နနွင်းဈေးကတစ်ပိဿာ ၁၇၀၀ ကျပ်၊ ၁၈၀၀ ကျပ်ဈေးရှိပေမဲ့ ဒီနှစ်ကတစ်ပိဿာ ၇၀၀ ကျပ်သာရတာကြောင့် မဖော်သေးပဲထားပါတယ်။ နနွင်းကမြေကြီးထဲမှာထားရင်လည်း ၂ နှစ်လောက် အထားခံပါတယ်။ ဖော်ပြီးရင်တော့ အခြောက်ပြုလုပ်ဖို့ပြုတ်ရတော့မှာ ဖြစ်ပြီး စရိတ်စကပိုကုန်လို့ ပြုတ်ချိန်မှသာ ဖော်ကြမယ်လို့ဆိုပါတယ်။    အောင်ပန်းဈေးကွက်မှာလည်း နနွင်းအဝင်ကသိပ်မရှိသေးပါဘူး။ ဈေးကလည်းတစ်ပိဿာ ၆၀၀ ကျပ်မှ ၈၀၀ ကျပ်သာ ရှိပါတယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။                       ဧဧခိုင်