Main menu

Background

စစ်တွေနယ်စပ်မှာ ချင်းဈေးပို

Thu, 03/11/2010 - 06:32 -- Anonymous (not verified)

     စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ကို ဒီတစ်ပတ်အတွင်းမှာ တောင်ကြီး၊ အောင်ပန်းနဲ့ ပြင်ဦးလွင်ဒေသထွက် ချင်းတန်ချိန် ၈ တန်၊ တန်ဖိုးအားဖြင့်် ကန်ဒေါ်လာ ၃၆ဝဝဖိုးတင်ပို့နိုင်ခဲ့ပြီး၊ ယခင် အပတ်တင်ပို့မှုထက် ၃ တန် ပိုမိုတင်ပို့ ခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းဈေး တစ်တန်ကို ယခင်ကထက် ဒေါ်လာ ၃ဝ ပိုမိုလာတဲ့အတွက် ၄၅ဝ ဒေါ်လာနှုန်းနဲ့ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ချင်းတန်ချိန် ၃၁ တန် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။