Main menu

Background

၂၀၁၂ ခုနှစ်အတွင်း တောင်ကိုရီးယား၏ ပြောင်းတင်သွင်းမှု တိုးတက်လာနိုင် သည်ဟု ခန့်မှန်းထား

Mon, 03/05/2012 - 06:23 -- Anonymous (not verified)

    ၂၀၁၂ ခုနှစ်အတွင်း တောင်ကိုရီးယားရဲ့ပြောင်းတင်သွင်းမှုတိုးတက်လာနိုင်တယ် လို့ ခန့်မှန်းထားတယ်။ကမ္ဘာမှာတတိယမြောက် ပြောင်းတင်သွင်းမှု အများဆုံးတောင်ကို ရီးယားရဲ့ မွေးမြူရေးကဏ္ဍက ယခင်နှစ်က ခွာနာလျှာနာရောဂါဒဏ်ကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရာ ပြောင်းတင်သွင်းမှုလျော့ကျခဲ့တယ်။ ၂၀၁၂ ခုနှစ်အတွင်းမွေးမြူရေးသုံး ပြောင်းတန်ချိန်စုစုပေါင်း ၆ သန်းအထိ တင်သွင်းနိုင်မယ်ခန့်မှန်းရာယခင်နှစ်က တင် သွင်းခဲ့တဲ့တန်ချိန် ၅ ဒသမ ၇၂ သန်းထက် ပိုမိုမယ်လို့ ကိုရီးယား မွေးမြူရေး အစား အစာအသင်းမှ သီးနှံဝယ်ယူရေး  ညွှန်ကြားရေး မှူး ကင်မ်ချီယောင်းမှ ပြောကြားတယ်။ ပြောင်းသာမက ဂျုံတင်သွင်းမှုလည်း ၈ ဒသမ ၃ ရာခိုင်နှုန်းခန့် တိုးတက်ကာ တန်ချိန် ၂ ဒသမ ၅ သန်းအထိ တင်သွင်းဖွယ်ရှိတယ်လို့ ကင်မ်က ခန့်မှန်းထားတယ်။    တိရစ္ဆာန်စာအတွက် ဂျုံကိုပါဝယ်ယူတင်သွင်းလာခြင်းမှာပြောင်းနဲ့ဂျုံအကြား ဈေး နှုန်း ကွာခြားမှုကြောင့် ၂၀၁၁ ခုနှစ်မှစပြီး တိရစ္ဆာန်စာထုတ်လုပ်သူတွေက ဂျုံကို တိုးမြှင့်ဝယ်ယူကြတယ်လို့ သိရတယ်။ တိရစ္ဆာန်စာအတွက် အသုံးပြုတဲ့ ပြောင်းတစ် တန်တင်သွင်းရင် ကန်ဒေါ်လာ ၃၂၀ ကျသင့်သော်လည်း ဂျုံတစ်တန်ကို ၂၈၀-၂၉၀ ဒေါ်လာသာ ကျသင့်ကြောင်း သိရတယ်။ တောင်ကိုရီးယားက ပြောင်းတင်သွင်းရာမှာ ယခင်ကအမေရိကန် ပြောင်းကိုတင်သွင်းသော်လည်းယခုအခါတောင်အာဖရိကနဲ့တောင် အမေရိကမှ ပြောင်းကို အစားထိုးတင်သွင်းနေကြောင်း ၊ ၎င်းနိုင်ငံတွေမှ ထုတ်လုပ်တဲ့ ပြောင်းတွေကအရည်အသွေးမှာလည်းတိုးတက်လာပြီဖြစ်ကြောင်းကင်မ်ကပြောကြားတယ်။    ပြောင်းကို ကမ္ဘာ့ဝယ်လိုအားများနေချိန်မှာ   USDA  က ကမ္ဘာ့မြောက်ဘက်ခြမ်းမှ ပြောင်းထုတ်လုပ်မှုကို ဇန်နဝါရီလက ခန့်မှန်းထားတဲ့တန်ချိန် ၁၂၈ ဒသမ ၁၄ သန်း အောက် လျှော့ချခန့်မှန်းလာတယ်။ တန်ချိန်ပေါင်း ၁၂၄ ဒသမ ၄၄ သန်းသာ ထုတ်လုပ် နိုင်မယ်လို့  ခန့်မှန်းထားရာ ဖေဖော်ဝါရီလမှာ ပြောင်းဈေးနှုန်းတွေ မြင့်မားလာလို့ မတ်လသင်္ဘောတင်ရမယ့် ပြောင်းကြိုပွိုင့် ဈေးနှုန်းက တစ်ဘွတ်ရှယ်လ်ကို သုည ဒသမ ၃ရာခိုင်နှုန်း မြင့်မားကာ ၆ ဒသမ ၄၄၂၅ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၂၅၈ ဝန်းကျင်) နဲ့ ဆိုးလ်မြို့စံတော်ချိန် နေ့ခင်း ၄း၂၁ နာရီမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။                                 ပပ၊Source:businessweek.com