Main menu

Background

သကြားပိုလျှံမယ့် ခန့်မှန်းချက်အရ သကြားကြမ်းဈေး တစ်တန် ကန်ဒေါ်လာ ၄၄၁ အောက် ကျဆင်းနိုင်

Mon, 03/05/2012 - 06:35 -- Anonymous (not verified)

    ၂၀၁၂-၂၀၁၃ ဒုတိယရာသီအတွက် ကမ္ဘာ့သကြားရောင်းချမှုက ဝယ်လိုအားထက်ကျော်လွန်နိုင်တာကြောင့် နှစ်ကုန်ပိုင်းမှာ သကြားကြမ်းဈေးဟာ တစ်ပေါင်ကို ကန်ဒေါ်လာ ၂၀ ဆင့် (တစ်တန်ကန်ဒေါ်လာ ၄၄၁) အောက်ကို ကျဆင်းနိုင်တယ်လို့ F.O  Licht  Gmbh မှ ခန့်မှန်းထားပါတယ်။ ဈေးနိမ့်ကျခြင်းကြောင့် တင်သွင်းသူများ က များစွာပြန်လည်သိုလှောင်ထားနိုင်တယ် လို့လည်း ဆိုပါတယ်။ ဈေးလျော့ကျခြင်းက အချိုရည်ပြုလုပ်သူတွေလို သကြားသုံးစွဲသူများအတွက် ကုန်ကျစရိတ်ကို လျှော့ချ နိုင်မှာဖြစ်စေပြီး၊ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းကျဆင်းဖို့ရာလည်း အကူအညီဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ မြောက် ဘက်ခြမ်းမှာ သကြားရောင်းချမှုများခြင်းနဲ့ ဘရာဇီးလ်မှာလည်း ၂၀၁၂-၂၀၁၃ မှာ အထွက်ကောင်းမယ့် အလားအလာတွေအရ သကြားဈေးက တစ်ပေါင်ကို ကန်ဒေါ်လာ ၂၀ ဆင့်နဲ့ ၂၅ ဆင့် (ကန်ဒေါ်လာ ၄၄၁-၅၅၁) အကြားအရောင်းအဝယ်ဖြစ် နိုင်တယ်လို့ HSBC  Holding  Plc  မှလည်း ဖေဖော်ဝါရီလ ၁၇ ရက်မှာ ခန့်မှန်းထား ပါတယ်။    လတ်တလော ဈေးနှုန်း အသင့်အတင့်ရှိနေပြီး ဒုတိယနှစ်ဝက်အတွင်းမှာ ဈေးလျှော့နိုင်တယ်လို့ ဂျာမဏီအခြေစိုက် Ratzeburg သုတေသနဌာနမှ MD  Christoph  Berg  မှ ပြောကြားပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ၃ နှစ်ဆက်တိုက် သကြားပြတ်လပ်မှုဖြစ်ပြီးနောက် သကြားပိုလျှံမယ့် ခန့်မှန်းချက်ကြောင့် ကုန်သည်များ ရောင်းချမှုတွေ ရှိလာလို့ အမေရိကန် ICE ကြိုပွိုင့်ဈေးကွက်မှာ သကြားကြမ်းဈေးဟာ ၂၇ ရာခိုင်နှုန်းခန့်ထိ ကျဆင်းခဲ့တဲ့အတွက် ၁၀ စုနှစ်အတွင်း အကြီးမားဆုံး ကျဆင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်မှာ မေလပို့ရမယ့် စာချုပ်ဈေးဟာ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ် ပေါင်ကို၂၅ ဒသမ ၅၆ ဆင့်(တစ်တန်ကန်ဒေါ်လာ ၅၆၃)ရှိရာ ၃လကျော်အတွင်းအများဆုံးကျဆင်းခဲ့ကြောင်း သိရပါ တယ်။     သကြားအကြီးမားဆုံး ထုတ်လုပ်တဲ့ ဘရာဇီးလ်နိုင်ငံရဲ့ လာမယ့်ရာသီဥတုအခြေအနေနဲ့ ကြံအထွက်နှုန်း ပြန်ကောင်းလာ နိုင်ခြင်းတို့ကြောင့် သကြားထွက်ရှိမှု တိုးတက်နိုင်ကြောင်း F.O  မှ ကုန်စည်လေ့လာဆန်းစစ်သူ Stefan  Uhlenbrock မှ ခန့်မှန်းထားပါတယ်။ ဒုတိယကြံအများဆုံး စိုက်ပျိုးတဲ့ အိန္ဒိယနိုင်ငံမှာတော့ ယခုနှစ် ကြံရာသီမှာ သကြားစက်များက တောင်သူ များကို ကြံဖိုးမပေးချေနိုင်တဲ့အတွက် ကြံထွက်ရှိမှုကျဆင်းဖို့ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။    ယခုရာသီဝယ်လိုအားက ဈေးနှုန်းထိုက်သင့်သလောက် ကျဆင်းခဲ့တာကြောင့် ၂ ဒသမ ၄ ရာခိုင်နှုန်းခန့် ပြန်လည်တိုးလာ နိုင်တယ်လို့ ၎င်းင်းကဆိုပါတယ်။ တရုတ်၊ ပါကစ္စတန်နဲ့ အာဖရိကနိုင်ငံတို့က အထူးသဖြင့် ဝယ်လိုအား ကြီးမားလာမယ်လို့ ဆိုပါတယ်။ကမ္ဘာမှာဒုတိယမြောက်တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံကလည်း အထွက်ပိုမိုမယ့် နိုင်ငံများထဲမှာ ပါဝင်ပါတယ်။ ယခုရာသီမှာ ကြံထုတ်လုပ်မှု စံချိန်တင်နိုင်သလို လာမယ့်နှစ်မှာလည်း စိုက်ပျိုးမှုတိုးချဲ့ တာကြောင့် အများဆုံးထွက်ရှိမယ်လို့ ကြံနဲ့သကြားဘုတ်အဖွဲ့ရုံးမှ ပြောကြားပါတယ်။ ၂၀၁၂ ပြက္ခဒိန်နှစ်မှာ ပြည်ပ တင်ပို့မှု တန်ချိန် ၇ ဒသမ ၉ သန်းထိရှိနိုင်လို့ ယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်းပိုမိုမယ်လို့ အထွေထွေအတွင်းရေးမှူး Prasert  Tapaneeyangkul မှ ပြောကြားပါတယ်။ယမင်းခင်၊Source:bloomberg.net