Main menu

Background

FOB ဈေးကွက်မှာ မတ်ပဲတန် နှစ်သောင်းကျော် အရောင်းအဝယ်ဖြစ်

Mon, 03/12/2012 - 07:34 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုကယခင်တစ်ပတ်တွေထက်ပိုမိုလာခဲ့ပါတယ်။ ယခင်တစ်ပတ် ကတန်ချိန် ၁၅၀၀၀ခန့်ရှိခဲ့ရာမှယခုတစ်ပတ်(မတ်လ ၃-၉ ရက်)အတွင်းမှာ တန် ချိန် ၂၁၀၀၀ ကျော်အထိ FOB အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ပမာဏ ပိုမိုဖြစ်လာပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းကတော့ ကျပြီးရင်းကျနေတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။    ဝယ်လိုအားရှိပေမဲ့ ဈေးဆက်လက်ကျဆင်းနေခြင်းက မကြုံဖူးဘူးလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်တောင်သူများဘဏ်ချေးငွေပြန်ဆပ်ဖို့အတွက် ရောင်းအား များ နေတာကြောင့် ဝယ်လိုအားရှိပေမဲ့ ဈေးကျိုးကျနေခြင်းဖြစ် နိုင်ကြောင်း ခန့်မှန်း ထားပါတယ်။ FOB  ဈေးအပြောင်းအလဲကို ဖော်ပြလိုက်ပါတယ်-               FAQ(အဟောင်း)    FAQ(အသစ်)    SQ(အဟောင်း)    SQ(အသစ်)၉-၃-၂၀၁၂    ၄၆၀-၄၈၀             ၅၀၀-၅၂၀           ၅၀၀-၅၂၀       ၅၅၀-၅၇၀၁-၃-၂၀၁၂    ၅၂၀-၅၄၀             ၅၆၀-၅၈၀           ၅၆၀-၅၈၀       ၆၂၀-၆၄၀MIRT(MAPT)