Main menu

Background

ဖေဖော်ဝါရီလအတွင်း ပဲတီစိမ်းတင်ပို့မှု ယခင်နှစ်ထက် တစ်ဆပို

Mon, 03/12/2012 - 07:48 -- Anonymous (not verified)

    ပဲအားလုံးတွေထဲမှာ ပင်လယ်ရေကြောင်းက ပဲတီစိမ်း တင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း စံချိန်တင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်အထိ ပဲတီစိမ်းတန်ချိန် ၁၄၃၀၀ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ တစ်လလုံးမှာ ပဲတီစိမ်းတန်ချိန် ၄၆၅၀၀ ကျော်တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၃၇ သန်း ကျော်ရရှိခဲ့ပါတယ်။ ဇန်နဝါရီလ အတွင်း တန်ချိန် ၁၄၀၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ပြီး ၂၀၁၁ ဖေဖော်ဝါရီလမှာ တန်ချိန် ၂၇၀၀၀ ကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၆ သန်းကျော် ရရှိခဲ့လို့ ယခုနှစ် ဖေဖော်ဝါရီလမှာ ပဲတီစိမ်း၊ ရွှေဝါ တစ်ဆခန့်ပိုတင်ပို့နိုင်ခဲ့ပါတယ်။    ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ပဲတီစိမ်း၊ ရွှေဝါ စုစုပေါင်းတင်ပို့နိုင်မှုမှာ တန်ချိန် ၃ သိန်းကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၇၆ သန်းကျော်ရရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၄၀၀၀၀ နီးပါး ကန်ဒေါ်လာ ၂၆၅ သန်းကျော်ထက် တင်ပို့မှုပမာဏမှာ ၆ သောင်းကျော်ပိုမို တင်ပို့နိုင်ကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ လည်း တင်ပို့မှုအားကောင်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။                                      MIRT - MAPT