Main menu

Background

ပါကစ္စတန်ပဲ ထုတ်လုပ်မှုရည်မှန်းချက်အောက် ထပ်မံကျဆင်း

Mon, 03/12/2012 - 07:56 -- Anonymous (not verified)

    ပါကစ္စတန်နိုင်ငံတွင် အအေးပိုခြင်းကြောင့် ယခုနှစ် ပဲမျိုးစုံထုတ်လုပ်မှုမှာ ရည်မှန်းချက်အောက် လျော့ကျနိုင်ပြီး၊ ပဲဈေးမှာ လည်း သိသိသာသာ တိုးနိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများမှ ပြောကြားပါတယ်။ ရာသီဥတုအေးခြင်းက ကုလားပဲ၊ မတ်ပဲနဲ့ ပဲတီစိမ်းသီးနှံကိုဆိုးဝါးစွာ ထိခိုက်ခဲ့တာကြောင့်ပဲမျိုးစုံပျမ်းမျှထုတ်လုပ်မှုကလည်း ကြီးမားစွာ ကျဆင်းမယ်လို့ နိုင်ငံတော်စိုက်ပျိုးရေးသုတေသနကောင်စီ (NARC)မှ ပဲမျိုးစုံစီမံကိန်းခေါင်းဆောင်  Dr  Zahid  Ashraf  မှ ပြောကြားပါတယ်။ ပဲမျိုးစုံအထွက်ကျဆင်းခြင်းက ပြည်တွင်းဈေးနှုန်းကိုသာ မြင့်တက်စေရုံမက လာမယ့်နှစ် ပဲတင်သွင်းမှု လည်း တိုးတက်လာမယ်လို့ ၎င်းက ဆိုပါတယ်။    အကယ်လို့ အအေးခံပဲမျိုးစိတ် သုတေသနပြု ထုတ်လုပ်နိုင်ပါက လက်ရှိအခြေအနေ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ၎င်းင်းကဆိုပါတယ်။ ယခင်နှစ်များစွာက ပါကစ္စတန်ရဲ့ ပဲထုတ်လုပ်မှုဟာ ပျမ်းမျှတန်ချိန် ၆ ဒသမ ၂ သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ယခင်နှစ်များအတွင်း တစ်ဟက်တာ ပဲထုတ်လုပ်မှုနဲ့ စိုက်ဧရိယာ လျော့နည်းလျက်ရှိရာ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်အတွင်းတစ်ဟက်တာကိုကုလားပဲ၅၈၀ကီလိုနဲ့စိုက်ဧရိယာမှာလည်း ဟက်တာ ၁၀၆၇ လျော့ကျခဲ့တယ်လို့ ဆိုပါ တယ်။    ၁၉၉၂-၉၃ ခုနှစ်မှာ မတ်ပဲစုစုပေါင်း စိုက်ဧရိယာဟာ ဟက်တာ ၇၇၀၀၀ ရှိပြီး၊ ယခုအခါ ဟက်တာ ၃၀၀၀၀ သာကျန်ရှိပြီး၊ မတ်ပဲထွက်ရှိမှုမှာလည်း တန်ချိန် ၃၀၀၀၀ မှ တန်ချိန် ၁၅၀၀၀ ကို ကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းစိုက်ပျိုးမှု အနေနဲ့ ယခင်က ဟက်တာ ၆၃၀၀၀ ရှိရာမှ ယခုအခါ ၃၁၆၀၀ ရှိပြီး၊ ထွက်ရှိမှုအနေနဲ့ တန်ချိန်၂၈၀၀၀ ရှိရာမှ တန်ချိန် ၁၅၈၀၀ ကိုကျဆင်းကြောင်း သိရပါတယ်။ နှစ်စဉ် စိုက်ဧရိယာနဲ့ ထုတ်လုပ်မှု ကျဆင်းရခြင်းဟာ ပဲမျိုးစုံ ထုတ်လုပ်မှု စီမံကိန်းနဲ့ သုတေသန တိုးတက်မှု မရှိတာကြောင့်လို့ စိုက်ပျိုးရေး ဖိုရမ် ဥက္ကဌ  Ibrahim  Mughal  မှ ပြောကြားပါတယ်။    ပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၈ ဒသမ ၃ သိန်းမှ ၆ ဒသမ ၃၅ သိန်းကို ၂၄ရာခိုင်နှုန်းကျော်ကျဆင်းခဲ့တယ်လို့ ဆိုပါ တယ်။အစိုးရအနေနဲ့သုတေသနအဖွဲ့အစည်းများကို ဦးဆောင်စေခြင်းဖြင့် ပြည်သူများနည်းပညာ ရရှိအောင် ဆောင်ရွက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။    ပြည်တွင်းပဲစိုက်ပျိုးမှုမှာ နှစ်စဉ်အထွက်နှုန်းတိုးတက်စေဖို့ ပြည်ပပဲတင်သွင်းမှုအပေါ် မှီခိုနေရမှုလျော့ကျစေဖို့ ထိရောက် တဲ့ နည်းဗျူဟာများနဲ့ ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။ ပဲမျိုးစုံကို နိုင်ငံစုစုပေါင်းသီးနှံ စိုက်ပျိုးမှုရဲ့ ၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးပါတယ်။ အဓိက စိုက်ပျိုးတဲ့ ပဲများကတော့ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲနီလေးတို့ဖြစ်ပါတယ်။ ကုလားပဲဟာ စုစုပေါင်း ပဲစိုက်ဧရိယာရဲ့ ၇၃ ရာခိုင်နှုန်းရှိပြီး၊ စုစုပေါင်းထုတ်လုပ်မှုရဲ့ ၇၆ ရာခိုင်နှုန်းရှိကာ ပဲတီစိမ်းမှာ စုစုပေါင်းစိုက်ဧရိယာရဲ့ ၁၈ ရာခိုင်နှုန်းနဲ့ ပဲထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်းရှိပါတယ်။ မတ်ပဲနဲ့ ပဲနီလေးမှာ စုစုပေါင်း စိုက်ဧရိယာရဲ့ ၅ ရာခိုင်နှုန်းစီသာရှိပြီး၊ ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်း ထုတ်လုပ်ကြောင်း သိရပါတယ်။                                                         ယမင်းခင်၊Source: Business  Recorder