ကုလားပဲရိုးရိုးကို ပါကစ္စတန်ဝယ်လက်အကြိုက်တွေ့နေလို့ ယခုတစ်ပတ် ရောင်းဝယ်အားကောင်းကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကိုလည်း ပုံမှန် ဝယ်ယူမှုရှိလို့ ယခုတစ်ပတ် မတ်လ ၃ ရက်မှ ၉ ရက်အတွင်း FOB ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်းစုစုပေါင်း တန် ၉၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့လည်း ယခင်တစ်ပတ်က တန် ၄၇၀ ခန့်တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ်မှာလည်းတန်ချိန် ၈၀၀ခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။ ဟော်လန် ကုလားပဲကို ဝယ်လိုအားကောင်းနိုင်လို့ လာမယ့် သီတင်းပတ်တွေမှာလည်း ရောင်း ဝယ်မှုအားကောင်းနိုင်တယ်လို့ ကုန်သည်ကြီးတစ်ဦးက ခန့်မှန်းပါတယ်။ ရောင်း ဝယ်မှု များပေမဲ့ ရန်ကုန် FOB ဈေးကတော့ မတ်လ ၁ ရက်မှာ ကန်ဒေါ်လာ ၇၆၀-၇၈၀ ရှိရာမှ မတ်လ ၉ ရက်မှာ ကန်ဒေါ်လာ ၇၄၀-၇၆၀ ကို လျော့ကျခဲ့ပါ တယ်။ MIRT - MAPT
Background