မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပဲယင်း၃၁၈ တန်ကျော်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ပဲယင်း တန် ၂၀ကျော်ကိုဖေဖော်ဝါရီလ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က ၁၆၄ တန်ခန့် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၇၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ၂၅၇ တန်ကျော်နဲ့ ဧပြီလမှ ဖေဖော်ဝါရီလထိ ပဲယင်း ၉၈၂၄ တန် နယ်စပ်စခန်းများမှ တင်ပို့ထားပြီးဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်မြေပြင်ပေါက်ဈေးများကို ယခင်အပတ်ဈေးနဲ့နှိုင်းယှဉ်ရာမှာ တစ် တန်ကို မိမိဘက်ဈေး ၈၉၆ ကျပ်ပိုမိုခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးမှာ ၁၆ ဒေါ်လာ ပိုမိုခဲ့ပါတယ်။ ယခုအပတ် မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၃၆၈၇၈၄ ကျပ်နဲ့ တစ်ဖက် နိုင်ငံမှာ ၃၉၇ ဒေါ်လာပေါက်လျက်ရှိပါတယ်။ MIRT(DOBT)
Background