Main menu

Background

မန်ကျည်းပို့အားလျော့ခဲ့

Mon, 03/12/2012 - 08:12 -- Anonymous (not verified)

    ပြည်ပကို ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း မန်ကျည်း တန်ချိန် ၁၄၄၆ ဒသမ ၀၁တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ် အင်ဒိုနီးရှားကိုတန် ၃၄၇ ဒသမ ၀၁၊ ပါကစ္စတန်နိုင်ငံကို တန် ၂၅၀ ၊ စင်ကာပူနိုင်ငံကို တန် ၃၄၄ ၊ မလေးရှားနိုင်ငံကို  တန် ၅၀၅  တို့ဖြစ် ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန် နှစ်ထောင် ကျော် ရှိခဲ့ တာ ကြောင့် ဒီသီတင်းပတ် မန်ကျည်းတင်ပို့မှုနဲ့  ယှဉ်ရင် တန်ချိန် ကိုးရာကျော်  လျော့ နည်းပြီး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဇန်နဝါရီလမန်ကျည်း တင်ပို့မှုက တန်ချိန် ရှစ်ရာခြောက်ဆယ်ကျော် ရှိခဲ့ပြီး ဖေဖော်ဝါရီလ မန်ကျည်းတင်ပို့မှုက တန်ခြောက် ထောင်ကျော်ရှိခဲ့တာကြောင့်  ဖေဖော်ဝါရီလမှာ တန်ချိန် ငါးထောင် ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ၤဥြ  ဈေးတစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၄၇၅ ဝန်းကျင် ရရှိခဲ့တာကြောင့် စုစုပေါင်း ပို့ကုန်ဝင်ငွေ ဒေါ်လာ ခြောက်သိန်းရှစ်သောင်း ကျော်ရရှိ ခဲ့ပါတယ်။                                                                   MIRT (DOT)