Main menu

Background

ပြည်တွင်းဈေးက တင်သွင်းဈေးထက် သိသိသာသာမြင့်တက်တဲ့အချိန်မှာ တရုတ်ပြောင်း ပိုမိုတင်သွင်းသွားမယ်လို့ တရုတ်နိုင်ငံသီးနှံအရန်ထားရှိရေး ဥက္ကဌမှဆို

Mon, 03/12/2012 - 09:54 -- Anonymous (not verified)

    ကမ္ဘာမှာပြောင်းကို ဒုတိယအများဆုံး စားသုံးတဲ့ တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်း ဈေးကတင်သွင်းဈေးထက်သိသိသာသာမြင့်တက်နေတဲ့အချိန်မှာပြောင်းပိုမို တင် သွင်းသွားရလိမ့်မယ်လို့ တရုတ်သီးနှံ အရန်ထားရှိရေး ကော်ပိုရေးရှင်း ဥက္ကဌ Bao  Kexin  မှ ပြောကြားပါတယ်။ ၂၀၁၁-၁၂ အတွင်း တရုတ်နိုင်ငံက ပြောင်းတန်ချိန် ၄ သန်း တင်သွင်းခဲ့ပြီး၊ ၂၀၁၂-၁၃ မှာ တန်ချိန် ၇ သန်းအထိ စံချိန်တင် တင်သွင်း ရနိုင်တယ်လို့ ဒီဇင်ဘာလ ၅ ရက်က Rabobank  International မှ ခန့်မှန်း ထားပါတယ်။    ယခင်သီတင်းပတ်မှာ တရုတ်နိုင်ငံရဲ့ ပြောင်းတန်ချိန် ၁၂၀၀၀၀ ထက်မနည်း မှာယူခဲ့လို့ ယခုတစ်ပတ်အတွင်း ပြောင်းကြိုပွိုင့်ဈေးက ၄ လ နီးပါးအတွင်း အမြင့် ဆုံးကို မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ရောင်းချ မှု ပမာဏများတာကြောင့် ယခုနှစ်မှာ တရုတ်နိုင်ငံက ပမာဏများစွာ တင်သွင်းဖို့ မလိုပါဘူးလို့ နိုင်ငံတော် သီးနှံစီမံခန့်ခွဲမှုခေါင်းဆောင် Nie  Zhengang က မတ်လ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။    ဟေလုံးချန်းပြည်နယ်မှာရှိတဲ့ တောင်သူများဟာ ပြောင်းဈေးကောင်းရရှိခဲ့လို့ ယခုနှစ်မှာ ပဲပုပ်ကနေ ပြောင်းကို ဆက်လက်ပြောင်းလဲစိုက်ပျိုးကြမယ်လို့ နိုင်ငံပိုင် Beidahuarg  Nongkon  အုပ်စုမှ အတွင်းရေးမှူး Sui  Fengfu  က ဆိုပါတယ်။ အနာဂတ် အလားအလာကတော့ တရုတ်နိုင်ငံရဲ့ တင်သွင်းမှုနဲ့ ပြောင်းတင်ပို့မှုတို့ကို စောင့်ကြည့်ရမယ်လို့လည်း Bao က ဆိုပါတယ်။     ချီကာကိုမှာ မေလပို့ရမယ့် ပြောင်းဈေးဟာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၅၄ (တစ်တန် ကန်ဒေါ်လာ ၂၄၂) ဈေးရှိတယ်လို့ သိရပါတယ်။ယမင်းခင်၊Source: Chinadaily