မန္တလေးမြို့မှာ မြို့တွင်း စက်သုံးဆီရောင်းချပါက မီးဘေးအန္တရာယ်စိုးရိမ်ရတဲ့အတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစပြီး ရွှေကျင်ရွာအထွက်မှာ နေရာချထားပေးခဲ့ကြောင်း သိရပါတယ်။အဆိုပါနေရာမှာ စက်သုံးဆီအရောင်းဆိုင် ၅၇ ဆိုင်မှ လစဉ်ဆီဂါလန် ၂၅၀၀၀၀ ကို မန္တလေးမြို့နဲ့ နယ်မြို့များကို ရောင်းချမှုရှိကြောင်း၊ ယခုအခါ ခေတ်နဲ့အညီ ပန့်ဆိုင်များဆောက်လုပ်ရမှာဖြစ်ပြီး၊ မြေနေရာ အခက်အခဲရှိနေကြောင်း စက်သုံးဆီအရောင်းဆိုင်ရှင်များမှ ပြောပါတယ်။"ခု သုံးလအတွင်းမှာ စက်သုံးဆီဆိုင်တွေကို ပန့်ဆိုင်အဖြစ် ပြောင်းလဲရမှာဖြစ်တဲ့အတွက် ဒီနေရာမှာပဲ မြေနေရာချထား ပေးစေလိုပါတယ်။ မြေနေရာရဖို့ကမလွယ်လှပါဘူး။ တကယ်တမ်း ပန့်ဆိုင်ကြီးဖွင့်လှစ်မယ်ဆိုရင် ခုရောင်းချနေတဲ့ ၅၇ ဆိုင်မှာ ငါးဆိုင်ပဲ ဖွင့်လှစ်နိုင်မှာပါ။ ကျန်တဲ့ဆိုင်တွေက မြို့တွင်းမှာ ရောက်သွားမယ်ဆိုရင် မီးဘေးအန္တရာယ်အတွက် စိုးရိမ်ရပါတယ်။ ဒီနေရာဖြတ်ရင် မြို့ထဲကို သေချာပေါက်ရောက်သွားနိုင်ပါတယ်"လို့ တော်ဝင်ဆီဆိုင်မှ ဦးမြင့်နိုင်က ပြောပါတယ်။စက်သုံးဆီအရောင်းဆိုင်များမှ ခွက်ချိန်၊ ဘူးချိန်နဲ့ ချိန်တွယ်ရောင်းချလျက်ရှိရာမှ ပန့်နဲ့ရောင်းချရမှာဖြစ်ခြင်းကြောင့် အဆိုပါနေရာအနီးရှိ ပဲလှော်ဖိုရွာ၊ ပုသိမ်လေးကျေးရွာ၊ ကြာနီကန်ကျေးရွာရှိ မန္တလေး- မတ္တရာကားလမ်းနံဘေး ဝဲယာမြေများ ဈေးနှုန်းမြင့်ခေါ်လာကြောင်း သိရပါတယ်။ ဇူးဇူး
Background